😅 လောကမှာ တာဝန်ယူစိတ်ရှိတဲ့လူဟာ အပင်ပန်းဆုံးပါပဲ။ ✔️ မိသားစုတစ်ခုမှာ၊ လုပ်ငန်းခွင်မှာ၊ ဆက်ဆံရေးတစ်ခုမှာ ဘယ်နေရာမှာမဆို တာဝန်ယူစိတ်ရှိတဲ့လူဟာ ပိုပင်ပန်းရတယ်။
✔️ အိမ်တစ်အိမ်မှာ အိမ်ရဲ့ တာဝန်ကို သိတဲ့သူ၊ ယူတဲ့သူကပဲ ပိုပင်ပန်းတယ်။ အိမ်မှုကိစ္စတွေ လုပ်ရတယ်။ အိမ်အတွက် ပိုက်ဆံရှာရတယ်။ ထောက်ပံ့ရတယ်။
✔️ နေသာတဲ့သူတွေကတော့ အနေသာကြီးပဲပေါ့။ ကိုယ့်ရဲ့ ရှေ့မှာ အိမ်သားတစ်ယောက်က ပင်ပင်ပန်းပန်း အိမ်အလုပ်တွေ လုပ်နေတာမြင်ရင်တောင် ဝိုင်းကူရကောင်းမှန်းမသိဘဲ နေသာသလိုလေးပဲ နေတတ်ကြတယ်။
✔️ လုပ်ငန်းခွင်မှာ အလုပ်ရဲ့ တာဝန်တွေ အသီးသီးရှိတယ်။
ရာထူးကြီးကြီးယူထားရလေ တာဝန်အကြီးကြီး ယူရလေပါပဲ။ တာဝန်ကြီးကြီး ယူထားရလေ စိတ်ဖိစီးမှု များရလေပါပဲ။ လူတိုင်းဟာ သူ့တာဝန်နဲ့သူ လုပ်ကိုင်နေရပေမဲ့ တစ်ခါတလေမှာ ကိုယ့်တာဝန်ကိုယ်မယူဘဲ သူတစ်ပါးအပေါ် လွှဲချတတ်တဲ့သူတွေ ရှိတယ်။ ကိုယ်နဲ့မဆိုင်သလို နေစိမ့်တဲ့သူတွေ ရှိကြပါတယ်။
‼️ ဆက်ဆံရေးတွေဆိုတာလည်း တကယ်တော့ လူနှစ်ယောက်စလုံးနဲ့ ဆိုင်တဲ့ တာဝန်ဖြစ်ပါတယ်။ ဒီဆက်ဆံရေးတစ်ခု တည်မြဲဖို့၊ ခိုင်ခံ့ဖို့၊ ဖားထေးဖို့ဆိုတာက တစ်ဦးတစ်ယောက်တည်းက လုပ်လို့ ရတဲ့ ကိစ္စမဟုတ်ဘဲ နှစ်ဦးနှစ်ဖက် တာဝန်ယူရမယ့် အလုပ်ပါ။ တစ်ဦးတစ်ယောက်တည်းက တာဝန်ယူ၊ တည်ဆောက်ပေးရ၊ ယိုင်နဲ့လာရင် ပြုပြင်ပေးရ၊ ဖာထေးပေးရနဲ့ တစ်ဖက်က ဘာeffortမှ မရှိရင် ကြာလာတော့ burdenက ပိလာတာပါပဲ။
‼️ ကျွန်မတို့ ဘဝရဲ့ နေရာတိုင်း နေရာတိုင်းမှာ တာဝန်ယူစိတ်ရှိတဲ့သူ၊ ကိုယ့်အရေးတစ်ခုလို အလေးထားတဲ့သူတွေကပဲ ပင်ပန်းတာ။ တာဝန်တွေရဲ့ ဝန်တွေ ပိကြရတာပါ။ အလုပ်ကြောင့်ဖြစ်စေ၊ လူမှုဆက်ဆံရေးကြောင့် ဖြစ်စေ Burden of Responsibilityလို့ခေါ်တဲ့ တာဝန်ရဲ့ ဝန်တွေ ပိလာတတ်ပါတယ်။ တာဝန်တွေ၊ ဝတ္တရားတွေကြားမှာ ခေါင်းမဖော်နိုင်အောင် လေးလံလာတဲ့အခါ လူက burnout ရလာတတ်တယ်။ စိတ်ရော လူပါ ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ ဒါကြောင့်မိုလို့ ဝန်မပိအောင် ဂရုစိုက်ဖို့တော့ လိုတယ်။
-မနိုင်ဝန်တွေ မထမ်းပါနဲ့
-ကိုယ့်ရဲ့ လုပ်နိုင်စွမ်းပြင်ပက အရာတွေအထိ
အတင်းလိုက်ပြီး မကြိုးစားပါနဲ့
-ကိုယ့်အတွက်ကိုယ် အရင်တွေးပေးပါ
-Self-care သေချာ လုပ်ပါ
-စိတ်ဖိစီးမှု လျော့ကျစေဖို့ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စသဖြင့် လုပ်ပေးပါ
-တစ်ဖက်သတ် ကြိုးစားအားထုတ်ပေးနေရတဲ့ အရာတွေကို ရပ်တန့်လိုက်ပါ
-စိတ်ဖိစီးမှု ပြဿနာတွေကို တတ်ကျွမ်းနားလည်တဲ့ counsellorတွေဆီမှာ ရင်ဖွင့်ဆွေးနွေးပါ။
-တစ်ခါတလေမှာ လေးလံသမျှတိုင်းကို ထမ်းပိုးထားစရာ မလိုဘူးဆိုတဲ့ Self-validationလေး ထားပေးပါ။
✔️ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်ဟာ အဖိုးတန်တဲ့ အရာတစ်ခုပါ။ လူရယ်လို့ ဖြစ်လာတဲ့အခါ ကိုယ့်တာဝန် ကိုယ်ယူပြီး ရှင်သန်တတ်ဖို့ လိုတယ်။ လူတိူင်းဟာ ကိုယ့်တာဝန် ကိုယ်ယူပြီးသာ ရှင်သန်ကြမယ်ဆိုရင် ဒီကမ္ဘာလောကဟာ သာယာလှပနေမှာပါပဲ။ ဘယ်သူ့ကိုမှ ကိုယ့်ကြောင့် ဝန်မပိစေနဲ့။ သူတစ်ပါးကြောင့် ကိုယ်တိုင် ဝန်ပိရတာမျိုးလည်း အဖြစ်မခံပါနဲ့။
🍃 ဘဝမှာ ကိုယ့်တာဝန်ကိုယ်ယူရရင်းတောင် ပင်ပန်းလွန်းနေပြီ မဟုတ်လား။ လေးလံသမျှကို ကြာကြာထမ်းပိုးပြီး ဝေးဝေးဆက်မသွားနိုင်ဘူးလေ။

Comments