Trigger တွေဆိုတာ လူတိုင်းမှာ ရှိနိုင်တဲ့ စိတ်ထိခိုက်စရာဖြစ်ရပ်တွေ၊ အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ပြန်လည်တုန့်ပြန်စေတဲ့ အရာတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကို မသက်သာဖြစ်စေပြီး triggerတွေဆိုရင် လူတိုင်းက ရှောင်လွှဲချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ trigger တွေကို ရင်ဆိုင်ရတာဟာ စိတ်ညစ်စရာကောင်းပြီး၊ တချို့အခါမျိုးမှာတော့ ကိုယ် ပြန်မလိုချင်၊ မဖြစ်ချင်တဲ့ အတိတ်က အရာတွေကို ပြန်လည်ခံစားမိတတ်တာကြောင့် ဖြစ်ပါတယ်။
‼️ ဒါကြောင့်ပဲ လူတွေဟာ Trigger တွေဆိုရင် ရှောင်ချင်ကြတယ်။ တကယ်တမ်းတော့ Trigger တွေဆိုတာ ရှောင်ဖို့မဟုတ်ဘဲ ကျွန်မတို့မှာ ကျန်ရှိနေတဲ့ unresolved traumaတွေ၊ ကြောက်ရွံမှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။ ကျွန်မရဲ့ address လိုက်လုပ်ကြည့်ရမဲ့ ပြဿနာရဲ့ အရင်းအမြစ်တွေ ဖြစ်နေပါတယ်။
ကျွန်မတို့ရဲ့ ဘယ်လို triggerတွေက ဘယ်လို ကြောက်ရွံနာကျင်မှုတွေကို ဖော်ပြပေးနေလဲ အနည်းငယ်လောက် လေ့လာကြည့်ကြရအောင်။
➡️ အကယ်၍ လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်က သူ့ကို ထားခဲ့မှာ၊ သူကျန်ခဲ့မှာမျိုးတွေကို အလွန်အမင်းကြောက်တယ်ဆိုရင် ဒါဟာ သူ့မှာ Abandonment/ rejection issue တစ်ခုခုနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာရှိနေလို့ ဖြစ်ပါတယ်။
➡️ မိမိကိုယ်မိမိ ဘယ်တော့မဆို မထိုက်တန်ဘူး၊ မတော်ဘူး၊ မကောင်းဘူး၊ တန်ဖိုးမရှိဘူးလို့ တွေးနေတတတ်တာဟာလည်း ငယ်စဉ်က ချစ်ခြင်းမေတ္တာငတ်မွတ်ခဲ့မှု၊ အချစ်မခံခဲ့ရမှုတွေနဲ့ ပတ်သက်နေတတ်ပြီး ကိုယ့်ကိုယ်ကိုယ် အချစ်ခံရဖ်ို့ မထိုက်တန်ဘူးလို့ ယုံကြည်စေတာဖြစ်ပါတယ်။
➡️ ပိုက်ဆံသုံးခြင်းနဲ့ ပတ်သက်ပြီး မိမိကိုယ်မိမိ သက်သောင့်သက်သာ မဖြစ်တဲ့သူတွေလည်း ရှိတတ်ပါတယ်။ သူတစ်ပါးအတွက်တောင် မဟုတ်ဘဲ မိမိရဲ့ လိုအပ်ချက်အတွက် ပိုက်ဆံအသုံးပြုရတာကိုတောင်မှ guiltyဖြစ်တယ်၊ စိတ်မသက်သာဘူးဆိုတာက ငယ်စဉ်က ဆင်းရဲချို့တဲ့ခဲ့မှုကြောင့်ရတဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ ဖြစ်နိုင်သလို ငယ်စဉ်ကတည်းက scarcity mindsetနဲ့ ပြုစုပျိုးထောင်ခံခဲ့ရခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
➡️ မိမိကိုယ််မိမိ အရေးမပါဘူး၊ စိတ်ခံစားချက်တွေကို ကောင်းကောင်းမဖော်ပြနိုင်ဘူး ဆိုတာကလည်း မိမိရဲ့ စိတ်ခံစားချက်တွေကို ကောင်းကောင်းဖော်ပြခွင့် မရခဲ့လို့၊ စိတ်ခံစားချက်တွေကို ဖိနှိပ်ခံခဲ့ရလို့ ဖြစ်ပါတယ်။
‼️ ဒါတွေဟာ Trigger တွေကို addressလုပ်ကြည့်မှ သိနိုင်မဲ့ အရာတွေ ဖြစ်ပါတယ်။ ကြောက်နေတဲ့အရာတွေကို ရင်ဆိုင်ရတာ မလွယ်ကူပေမဲ့လို့ သတ္တိမွေးပြီး ရင်ဆိုင်ကြည့်လိုက်တဲ့အခါ နောက်တစ်ခါ ထပ်မကြောက်ရတော့ပါဘူး။ ဒါကြောင့် Trigger တွေကို မရှောင်လွှဲပါနဲ့။ Trigger တစ်ခုပေါ်လာတိုင်း ငါဘာတွေကို ကြောက်နေသလဲ။ ဒီ triggerက ဘာကြောင့် ပေါ်လာတာလဲ သေချာ addressလုပ်ပြီး ဖြေရှင်းနိုင်အောင် ကြိုးစားပါ။
💪🏻"The only way out is through" မိုလို့ Triggerတွေကို ရှောင်မပြေးဘဲ ရင်ဆိုင်ကြည့်ကြရအောင်ပါ။
תגובות