top of page
info1589729

စိတ်ခံစားချက်တွေကို လက်ခံရင်မဆိုင်ဘဲ ရှောင်ပြေးနေမိတာလား?



🌱 စိတ်ခံစားချက်တွေကို လက်ခံရင်မဆိုင်ဘဲ ရှောင်ပြေးမိနေလား။ ဒါမှမဟုတ် တစ်ခုခုကို စိတ်အာရုံလွှဲပြီး ထွက်ပြေးမိနေသလား။ 


‼️ ဒါဆိုရင် သင်ဟာ Emotional Bypass လုပ်နေမိပါပြီ။


➡️ Emotional Bypassing ဆိုတာ ဘာလဲ?


🌱 Emotional Bypass ဖြစ်တယ်ဆိုတာကတော့ မကောင်းတဲ့ စိတ်ခံစားချက်တွေကိုဆို လက်မခံဘဲ မသိကျေးကျွံပြုထားမယ်၊ အမြဲတမ်း အကောင်းမြင်စိတ်ကိုပဲ ဖြစ်ဖို့ ကြိုးစားမယ်၊ မကောင်းတဲ့စိတ်ခံစားချက်တွေကို ရှောင်လွှဲပြီး တစ်ခုခုနဲ့ အာရုံပြောင်း အစားထိုးမယ် စတာတွေဟာ စိတ်အာရုံလွှဲခြင်း (Emotional Bypassing) ဖြစ်ပါတယ်။


🌱 အထူးသဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု တစ်ခုခုနဲ့ ကြုံတွေ့ထားရတဲ့သူတွေဟာ emotional bypass အများဆုံး လုပ်လေ့ရှိပါတယ်။ သူတို့ကို trigger ဖြစ်စေမဲ့ အလားတူဖြစ်ရပ်တွေကို ရှောင်လွှဲချင်တဲ့အတွက် စိတ်အာရုံကို လွှဲလိုက်ကြတယ်။ အာရုံပြောင်းလိုက်ရင် မသိချင်ယောင်ဆောင်လိုက်ရင် ဒီစိတ်ခံစားချက်က ပြေလည်သွားမယ်၊ ပျောက်သွားမယ်လို့ ထင်တတ်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ပဲ စိတ်ခံစားချက်တွေကို process လုပ်ရမဲ့အစား bypass လုပ်လိုက်ကြတာ ဖြစ်ပါတယ်။ 


‼️ Emotional Bypassing ရဲ့ လက္ခဏာများ


➡️ မိမိရဲ့ စိတ်ခံစားချက်တွေကို Trigger ဖြစ်စေတဲ့ အကြောင်းအရာများ၊ အခြေအနေများကို ရှောင်လွှဲခြင်း၊ မသိချင်ယောင်ဆောင်နေခြင်း

➡️ အကောင်းမြင်စိတ်ကို မဖြစ်မနေ တာဝန်ကြီးတစ်ခုလို ထားနေရခြင်း

➡️ ဝမ်းနည်းနေပေမဲ့ ဟန်ဆောင်ပျော်ရွှင်ပြခြင်း

➡️ စိတ်ထွက်ပေါက်အနေနဲ့ အရက်နှင့် ဆေးဝါးများအသုံးပြုခြင်း စတဲ့ unhealthy coping များဖြင့် စိတ်အာရုံလွှဲခြင်း

➡️ မိမိကိုယ်မိမိ အခြားသူများနှင့် အဆက်သွယ်ဖြတ်ပြီး တစ်ယောက်တည်း နေခြင်း စတာတွေဟာ emotional bypass ဖြစ်နေခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ 


✅ Emotional Bypass အစား Emotional Process လုပ်ပါ။ မိမိရဲ့ စိတ်ခံစားချက်တွေဆိုတာ ကောင်းတာ ဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ပစ်ပယ်ရမဲ့အရာမဟုတ်ဘဲ လက်ခံဖြေရှင်းရမဲ့ အရာ ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကို ရှောင်မပြေးဘဲ addressလုပ်ပါ။ ဘာကြောင့် ဘယ်လိုဖြစ်လာသလဲ အဖြေရှာပါ။ ကိုယ်တိုင် မဖြေရှင်းနိုင်ခဲ့ရင် တတ်ကျွမ်းနားလည်တဲ့ စိတ်ပညာရှင်တွေ၊ counselor တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ 



8 views0 comments

Comments


bottom of page