top of page
info1589729

စစ်မှန်တဲ့ ကြံံ့ခိုင်မှုဆိုတာ ဘဝကို ရှေ့ဆက်သွားရဲခြင်းပါ.....



🌿 “စစ်မှန်တဲ့ ကြံ့ခိုင်မှုတွေဟာ နာကျင်မှုတွေ၊ မျက်ရည်တွေနေ လာတတ်ပါတယ်” 


‼️ စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာ စိတ်ဓာတ်ကျ ပြိုလဲစရာတွေရှိတဲ့အခါမှာ မတုန်မလှုပ်၊ ပေပေတေတေ နေတတ်တာကို ခေါ်တာ မဟုတ်ဘူး။


‼️ စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာ နာကျင်ခံစားစရာ ကိစ္စတွေ ရှိလာတဲ့အခါ အသည်းနှလုံးမရှိ မခံစားတတ်တာကို ပြောတာ မဟုတ်ဘူး။


‼️ စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာက ငိုချင်လာတဲ့အခါ မငိုဘဲ ကြိတ်မှိတ်ပြီး တင်းခံနေတာကို ခေါ်တာမဟုတ်ဘူး။


✔️ တကယ်တော့ စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာဟာ ဘဝကို ရှေ့ဆက်သွားရဲခြင်းပါပဲ။


✔️ နာကျင်စရာတွေ ရှိကောင်းရှိလိမ့်မယ်။

ဝမ်းနည်းငိုကြွေးနေရတာ ဖြစ်ကောင်းဖြစ်မယ်။

ဆုံးရှုံးလိုက်တဲ့ အရာတွေကြောင့် ဖြစ်ချင် ဖြစ်မယ်။

ဒါပေမယ့် ဘဝကို ရှေ့ဆက်လျှောက်ဖို့ ရွေးချယ်ခြင်းဟာ

စိတ်ဓာတ်ကြံ့ခိုင်မှုပဲ။


✔️ လူတစ်ချို့က ငိုတာမကောင်းဘူး၊ မျက်ရည်မလွယ်နဲ့၊ မျက်ရည်လွယ်တာ စိတ်ပျော့တာပဲလို့ ရှုံ့ချတတ်ကြတယ်။

တကယ်တော့ ငိုတာနဲ့ စိတ်ဓာတ်ကြံ့ခိုင်တာ မခိုင်တာက တခြားစီပါပဲ။ ငိုတယ်ဆိုတာ နာကျင်နေရတဲ့ စိတ်ခံစားချက်တွေကို သတ္တိရှိရှိ ဖွင့်ထုတ်ပစ်လိုက်ခြင်းပဲ။

စိတ်တွေ မွန်းကြပ်ပိတ်လှောင်လာတဲ့အခါ ငိုချပစ်လိုက်တာက ပိုတောင်ကောင်းသေးတယ်။

ငိုတယ်ဆိုတာက စိတ်ခံစားချက်တွေကို အထိုက်အလျောက် သက်သာစေတယ်လေ။


‼️ တကယ်တော့ စိတ်ဓာတ်ကြံ့ခိုင်မှုကို အဆုံးအဖြတ်ပေးမှာက

ငိုခြင်း၊ မငိုခြင်းတွေ မဟုတ်ဘူး။ စိတ်ခံစားချက် လွယ်ခြင်း၊ မလွယ်ခြင်းတွေ မဟုတ်ဘူး။ ဝမ်းနည်းရင် ငိုခွင့်ရှိတယ်။ စိတ်ခံစားချက်တိုင်းကို ခံစားပိုင်ခွင့်ရှိတယ်။ ပင်ပန်းရင် နားခွင့်ရှိတယ်။ 


🌿 နောက်ဆုံးမှာ စိတ်ဓာတ်ကြံ့ခိုင်မှုကို အဆုံးဖြတ်ပေးမယ့်အရာက ရှေ့ဆက်သွားနေခြင်းပဲ။

ဘဝဟာ ပြိုလဲခဲ့ရသည့်တိုင်၊ ဘဝဟာ ပျောက်ဆုံးခဲ့ရသည့်တိုင် ကိုယ့်ရဲ့ ဘဝကို ကိုယ်တိုင် ပြန်တည်ဆောက်ဖို့၊ ပြန်လည် ရှာဖွေဖို့ မွေးရဲတဲ့ သတ္တိ၊ မျက်ရည်တွေကို ကျဆင်းခွင့်ပြုပြီး မျက်ရည်တွေကြားက အပြုံးလေးတစ်ပွင့်ကို ပြန်ပြီး ယူဆောင်ရဲတဲ့ သတ္တိတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ခြင်းပါ။


🌿 နာကျင်မှုတွေကြားက၊ မျက်ရည်တွေကြားက အနူးညံ့ဆုံး သန်မာမှုတွေပေါ့။

စိတ်ပိုင်းဆိုင်ရာနဲ့ပက်သက်လို့ အကူအညီရယူချင်တာပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ်ကုစားနိုင်တဲ့ နည်းလမ်းလေးတွေရှာဖွေချင်တာပဲဖြစ်ဖြစ် Honest Hour ကသင့်ရဲ့ဘေးနားမှာအမြဲရှိနေပါတယ်နော်...


4 views0 comments

Comments


bottom of page