top of page
info1589729

မေတ္တာသည်သာ အောင်နိုင်ရာ.....




 

🤍မေတ္တာဆိုတာ ပါးစပ်နဲ့ ပြောလို့ မရဘူး။ လက်တွေ့ ပြသရပါတယ်။

 ✨ဒါဟာ မြတ်စွာဘုရားရဲ့ အဆုံးအမ တစ်ခုဖြစ်ပါတယ်။

ကျွန်မတို့တွေက ကုသိုလ်ရချင်လို့ မေတ္တာသုတ်တွေ ရွတ်ကြတယ်။ တစ်နေ့ကို အခေါက်ရေတွေ ဘယ်လောက်ဆိုပြီး ရွတ်ကြတယ်။ ကောင်းပါတယ်။ ကုသိုလ်လည်း ရပါတယ်။ ဒါပေမဲ့ လူတစ်ချို့ကို မြင်ဖူးမလားတော့ မသိဘူး။ တစ်နေ့တစ်နေ့ ရွတ်လိုက်ရတဲ့ ဘုရားစာတွေ၊ ပို့လိုက်ရတဲ့ မေတ္တာတွေ ဒါပေမဲ့ လက်တွေ့မှာတော့ အေးချမ်းမှု မရှိနေဘဲ အကုသိုလ်တွေကိုပဲ ဖန်တီးနေတဲ့လူတွေ ရှိပါတယ်။

☑️ "ပါးစပ်က ဘုရားဘုရား၊ လက်က ကားယား ကားယား" ဆိုသလိုပေါ့။ မေတ္တာသုတ်တွေရွတ်ပြီး သူတစ်ပါးကို မုန်းတီးတဲ့စိတ်တွေ၊ ဖျက်လို ဖျက်ဆီးလုပ်ချင်တဲ့ သောကဗျာဒါတွေ၊ မနာလိုဝန်တိုတဲ့ ဣဿမစ္ဆရိယစိတ်တွေ ဝင်နေမယ်ဆိုရင် ရွတ်ထားတဲ့ မေတ္တာသုတ်တွေဟာ အလကားပါပဲ။ ဒါကြောင့် မေတ္တာသုတ်မှာ မေတ္တာပို့တဲ့လူမှာ ရှိရမဲ့ အရည်အချင်းတွေဆိုပြီးတော့တောင် မြတ်စွာဘုရားက ဟောထားတာ ဖြစ်ပါတယ်။

☑️ နောက်ပြီး မေတ္တာဆိုတာ ပါးစပ်က ပြောနေဖို့ မဟုတ်ဘဲ လက်တွေ့ပြသရပါတယ်တဲ့။ "ကျန်းမာပါစေ၊ ချမ်းသာပါစေ" ဆိုပြီး မေတ္တာပို့ပေမဲ့ လက်တွေ့မှာ ကိုယ်အနေနဲ့ သူတစ်ပါး ကျန်းမာ ချမ်းသာစေဖို့ ပြုသင့်တဲ့ အရာတွေကို မပြုဘူးဆိုရင် မေတ္တာအစစ်မှန်လို့ ဆိုလို့မရဘူးလို့ ဆရာတော်တွေလည်း ဟောကြပါတယ်။

☑️ ဒါကြောင့် နေ့စဉ်ဘဝမှာ မေတ္တာယှဉ်၍ နေထိုင်တတ်ဖို့ လိုတယ်။ လူ၏ ဆောင်မခြင်း၊ နှုတ်၏ဆောင်မခြင်းအားဖြင့် မိမိရဲ့ မေတ္တာတွေကို မျှဝေဖို့လိုတယ်။ ပြသဖို့ လိုပါတယ်။ အခုလိုမျိုး အခက်အခဲတွေ ကိုယ်စီနဲ့ ရုန်းကန်လှုပ်ရှားရချိန်တွေမှာ တစ်ဦးမေတ္တာ တစ်ဦးမှာ စေတနာပေါ့။ အပြန်အလှန်လှန် ရိုင်းပင်းကူညီကြဖို့ လိုအပ်ပါတယ်။

 ကျွန်မအမြဲ ယုံကြည်ထားတဲ့ အရာတစ်ခုရှိတယ်။

🤍"မေတ္တာသည်သာ အောင်နိုင်ရာ" ဆိုတာပါပဲ။

 ✨မေတ္တာနဲ့ငြှိမ်းရင် ဘယ်မီးမဆို ငြိမ်းအေးစေပါတယ်။

3 views0 comments

Comments


bottom of page