top of page
info1589729

မကောင်းတဲ့ သူစီဘာလို့ ပြန်သွားနေမိတာလဲ?


‼️ တစ်ခါတလေမှာ လူတစ်ချို့ဟာ ကိုယ့်အပေါ် မကောင်းမှန်း၊ Toxic ဖြစ်မှန်း သိပေမဲ့ ရုန်းမထွက်နိုင်ကြပါဘူး။ စွန့်လွှတ်ခဲ့တယ် ဆိုရင်တောင်မှ အချိန်တန်ရင် ဒီမကောင်းတဲ့ လူဆီကိုပဲ တဝဲလည်လည် ပြန်သွားမိတတ်ကြပါတယ်။ 

✅ ကိုယ့်ရဲ့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်ဟာ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာအားဖြင့်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖြစ်စေ အမြဲ အနိုင်ကျင့်တယ်၊ စော်ကားတယ်၊ ထိခိုက်အောင်လုပ်တယ်၊ စိတ်ခံစားချက်တွေကို အမြဲ လျစ်လျူရှုပြီး ဒီဆက်ဆံရေးကြီးက Toxic ဖြစ်နေတယ် ဆိုရင် ဒီဆက်ဆံရေးကို အဆုံးသတ်ပြီး လွှတ်ချခဲ့ရတာဟာ ဒါဖြစ်သင့်တဲ့အရာပါ။ 

‼️ ဒါပေမဲ့ လူတွေဟာ မကောင်းတဲ့အရာတွေဆိုရင် ပိုပြီး ငြိတွယ်လွယ်ကြပါတယ်။ မကောင်းတဲ့ အရပ်ဒေသတွေက ရုန်းထွက်နိုင်ဖို့အတွက် ပိုပြီးတော့ ခက်ခဲလေ့ရှိပါတယ်။ ဒါကြောင့်မိုလို့ မကောင်းတာကို မကောင်းမှန်းသိပေမဲ့ လူတွေဟာ မစွန့်လွှတ်နိုင်ကြတာ ဖြစ်ပါတယ်။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေဆီကို ခဏခဏ ခွင့်လွှတ်ပြီး ထပ်ခါတလဲလဲ ပြန်သွားနေရတဲ့ အကြောင်းအရင်းရှိပါတယ်။ 

➡️ ပထမ တစ်ချက်ကတော့ အချိန်ကြာလာတာနဲ့အမျှ သူတို့တွေ ကိုယ့်အပေါ် ပြုမူဆက်ဆံခဲ့သမျှကို မေ့ပျောက်လာလို့ ဖြစ်ပါတယ်။ 

➡️ အထီးကျန်တဲ့အခါမှာလည်း ကိုယ့်အပေါ် မကောင်းတဲ့လူတစ်ယောက်ဆီကို ပြန်သွားတတ်ပါတယ်။ 

➡️ နောက်တစ်ချက်ကတော့ သူတို့ ကောင်းလာမလား၊ ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ဆံရေးတွေကို ပြန်ပြီး ဖန်တီးတတ်ပါတယ်။ 

➡️ မိမိကိုယ်မိမိ ပိုကောင်းတဲ့ အရာတွေနဲ့ ထိုက်တန်တယ်လို့ မယုံကြည်ဘဲ လူတွေကျေနပ်အောင်ပဲ လိုက်နေတတ်တဲ့ people-pleasing behaviorများကြောင့်လည်း မကောင်းတဲ့လူတွေဆီ ပြန်ပြီးသွားတတ်သလို

➡️ နောက်ဆုံးတစ်ချက်ကတော့ မိမိကိုယ်မိမိ Boundary မထားနိုင်တဲ့အပြင် ကိုယ့်အပေါ် ပြုမူဆက်ဆံတဲ့ မကောင်းတဲ့အရာတွေနဲ့ ယဉ်ပါးနေခြင်းကြောင့် ဖြစ်တတ်ပါတယ်။ 

‼️ မကောင်းတဲ့လူတွေဆိုတာ မကောင်းတဲ့ အသီးတစ်လုံးလိုပါပဲ။ ပုပ်နေရင် ပုပ်နေတဲ့ အသီးကို ဖယ်ပစ်ရမှာ ထုံးစံပါပဲ။ မဟုတ်ရင် ကျန်တဲ့အသီးတွေပါ လိုက်ပုပ်ကုန်မှာပေါ့။ ဒီသဘောပါပဲ။ ဒါကြောင့် ဘဝမှာ မကောင်းတဲ့ လူတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ့်ရဲ့ boundaryကို သေချာချထားတတ်ဖို့ လိုတယ်။ မိမိကိုယ်မိမိ လေးစားတတ်ဖို့ လိုပါတယ်။

လူတစ်ယောက်ဟာ မိမိကိုယ်မိမိ လေးစားနိုင်မှ သူတစ်ပါးက လေးစားတာဖြစ်ပါတယ်။ 


3 views0 comments

コメント


bottom of page