👩❤️👨ကျန်းမာပျော်ရွှင်ရတဲ့ Relationship တစ်ခုဆိုတာ အမှုမဲ့ အမှတ်မဲ့ ရလာတာ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် တည်ဆောက်ယူပြီးမှ ရလာတဲ့ အရာပါ။
🍀ဟုတ်ပါတယ် အချစ်ရေး၊ အိမ်ထောင်ရေး ဆိုတာ ကံနဲ့လဲ တစ်ဝက်ဆိုင်ကောင်း ဆိုင်နိုင်တယ်။ အချစ်ရေး ကံ၊ အိမ်ထောင်ရေး ကံမကောင်းဘူး စသဖြင့်တော့ ရှိနိုင်ပေမဲ့
ဒါဟာလဲ မိမိရဲ့ ရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတွေဟာ မှန်ကန်တဲ့ နေရာတွေဆီ ခေါ်ဆောင်သွားပေးနိုင်ပါတယ်။ ဒီတော့ ပြောချင်တာက လူရွေးမှန်ဖို့ကလဲ လိုသေးတာပေါ့။
👩❤️👨 လူရွေးမှန်ရုံနဲ့ ပြီးလားဆိုတော့ မပြီးပါဘူး။ ဆက်ဆံရေးတစ်ခု တည်တံ့ဖို့၊ ခိုင်မြဲဖို့၊ ပျော်ရွှင်ရဖို့ဆိုတာက နှစ်ဦးနှစ်ဖက် တည်ဆောက်ယူမှပဲ ရတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီဆက်ဆံရေးအပေါ် တည်ဆောက်ချင်စိတ်၊ ကြိုးစားချင်စိတ် မရှိတာဟာ ဆက်ဆံရေးတွေ ပျက်စီးစေဖို့ လမ်းစတစ်ခုပဲ။
👩❤️👨 Relationship တိုင်းမှာ ပြဿနာဆိုတာတော့ ရှိစမြဲပဲ။
ရန်တွေလည်း ဖြစ်ကြမှာပဲ။ စကားတွေလည်း များကြမှာပဲ။
ဒါပေမဲ့လေ ဘယ်အချိန်မှာ ကြောက်စရာ အကောင်းဆုံးလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ် စကားများပြီးတဲ့ နောက်မှာ တစ်ယောက်က အဆင်ပြေ၊ ပျော်ရွှင်နေပြီး တစ်ယောက်တည်းကပဲ နာကျင်ခံစားနေရတဲ့ အချိန်ပဲ။
‼️တစ်ဖက်က စကားတွေအများကြီး ပြောနေချင်ပေမဲ့
တစ်ဖက်မှာ ပြောစရာ စကားတွေ ရှိမလာတော့တဲ့အခါ၊
တစ်ဖက်က နီးစပ်ဖို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လာနေပေမဲ့ တစ်ဖက်က နောက်ပြန်ဆုတ်နေတဲ့ အခါမျိုးတွေဟာ ဆက်ဆံရေးတွေ စတင်ပျက်စီးဖ်ု့အတွက် အချက်ပျက်နေတဲ့ warning signတွေပါ။
👩❤️👨 အချစ်မှာ ချစ်နေရုံနဲ့ မပြီးဘူး။ တစ်ယောက်ကို တစ်ယောက်ကို နားလည်ဖို့၊ သည်းခံဖို့၊ ညှိနှိုင်းယူစရာရှိရင် ညှိနှိုင်းယူဖို့တွေ လိုတယ်။ တစ်ယောက်ကို တစ်ယောက် ညှာတာရတယ်။ ယုံကြည်မှုတွေ တည်ဆောက်ရတယ်။ ပြဿနာတွေ ရှိတဲ့အခါ တိုင်တိုင်ပင်ပင်ရှိဖို့၊ ပွင့်ပွင့်လင်းလင်း ရှိဖို့ လိုအပ်တယ်။ အရေးကြီးတာက
ဘယ်ပြဿနာကိုမဆို နှစ်ဦးနှစ်ဖက် ဖြေရှင်းချင်စိတ်ရှိဖို့၊ ကျော်ဖြတ်ချင်စိတ်ရှိဖို့ လိုအပ်တယ်။
👩❤️👨 အချစ်မှာ အချစ်တစ်ခုတည်းတော့ မပြီးပေမဲ့ ယုံကြည်နားလည်မှုတွေ၊ ကြိုးစားတည်ဆောက်မှုတွေဆိုတာ အချစ်ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့အရာတွေပါပဲ။
ပါးစပ်ကနေသာ ချစ်တယ်ပြောပြီး ဘာမှ တည်ဆောက်ချင်စိတ် မရှိဘူး၊ ချစ်တယ်သာပြောတာ တစ်ယောက်ကို တစ်ယောက် ဂရုမစိုက်ဘူး၊ ငါလည်း ငါနေချင်သလိုနေမယ်၊ နင်လည်း နင်နေချင်သလိုသာနေ လုပ်နေမယ်ဆိုရင် ဆက်ဆံရေးတွေဟာ အဆုံးသတ်ဖို့ပဲ ရှိပါတော့တယ်။
👩❤️👨 ဘဝမှာ ဘယ်အရာကမှ အလကားမရပါဘူး။ ကြိုးစားအားထုတ်မှုဆိုတာ နေရာတိုင်းမှာ လိုအပ်တယ်။
ဘယ်အရာမဆို ပျက်စီးဖို့သာ လွယ်ကူတာ တည်ဆောက်ဖို့ကတော့ အင်မတန်ခက်ခဲပါတယ်။ ဒါပေမဲ့လည်း အခက်အခဲတွေကြားက ကြိုးစားတည်ဆောက်နိုင်ခြင်းဟာလည်း အရည်အချင်း တစ်ခုပါပဲ။
👩❤️👨 Relationshipဆိုတာ နှစ်ဦးနှစ်ဖက် နေ့စဉ်တည်ဆောက်နေရတာပါ။ တစ်ယောက်က သည်းခံပေးနေရင် တစ်ယောက်က အလိုက်တသိ နားလည်ရမယ်။ တစ်ယောက်က ကြိုးစားတည်ဆောက်နေရင် ကျန်တဲ့ တစ်ယောက်က လိုအပ်တာ ဖြည့်ဆည်းရမယ်။ အရေးကြီးတာကတော့
Relationship တိုင်းမှာ ပိုပြီး ချစ်ရတဲ့လူဆိုတာ ရှိစမြဲပဲ။
ကိုယ်နဲ့ နီးစပ်ဖို့ နေ့နေ့ညည ကြိုးစားပြီး လျှောက်လှမ်းလာနေတဲ့သူအတွက် ကိုယ့်ရဲ့ ခြေလှမ်းတွေကို နောက်ပြန် မဆုတ်မိဖို့ လိုတယ်။
❤️ Happy Endingဆိုတာ ကံနဲ့လည်း ဆိုင်သလို
ကြိုးစားတည်ဆောက်မှုတွေနဲ့လည်း ဆိုင်သေးတယ်။
❤️ လူရွေးမှန်ခဲ့ရင်တောင် မှန်ကန်တဲ့ ဆက်ဆံရေးတစ်ခု ရဖို့ရာ ကြိုးစားတည်ဆောက်မှုတွေ လိုအပ်ပါသေးတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ပက်သက်လို့ အကူအညီရယူချင်တာပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ်ကုစားနိုင်တဲ့ နည်းလမ်းလေးတွေရှာဖွေချင်တာပဲဖြစ်ဖြစ် Honest Hour ကသင့်ရဲ့ဘေးနားမှာအမြဲရှိနေပါတယ်နော်…
コメント